သိန္နီ ဧပြီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် သိန္နီမြို့ နမ္မတူချောင်း ပတ်ဝန်းကျင်ရှိ စိုက်ပျိုးရေးတောင်သူများနှင့် ပြည်နယ်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စိုက်ပျိုးရေး တောင်သူများ၏ စိုက်ပျိုးမှုအခြေ အနေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးဝင်းမင်းလတ် ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)၊ ခရိုင်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးတင်မော်သန်း (ဒုတိယညွှန်ကြားရေးမှူး)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးနေလင်းထွန်း (အုပ်ချုပ် ရေးမှူး)၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးရာဇာအောင် (လက်ထောက်ညွှန်ကြားရေးမှူး)၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစောသိန်းထိုက်(ဦးစီးအရာရှိ)နှင့် တာဝန်ရှိသူများသည် သိန္နီမြို့ နမ္မတူ ချောင်းဘေးတွင် စိုက်ပျိုးလျက်ရှိသော တောင်သူများနှင့် တွေ့ဆုံကာ နမ္မတူချောင်းမှ ရေရယူသုံးစွဲမှု အခြေအနေ၊ သီးနှံများ အထွက်တိုးစေရေးအတွက် ထပ်တိုးသီးနှံစိုက်ပျိုးမှုအခြေအနေ၊ သီးနှံများ စိုက်ပျိုး ထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသော တောင်သူ(၇)ဦးက မိမိတို့၏ သီးနှံစိုက်ပျိုးမှု အခြေအနေများ၊ ထပ်တိုးသီးနှံစိုက်ပျိုးမှု အခြေအနေများနှင့် အခက်အခဲများကို ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
စောဉမ္မာ(သိန္နီ)