ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေး

ပုဗ္ဗသီရိ ဧပြီ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့နံနက်က မြို့နယ်အတွင်းရှိ သတ်မှတ်ဆေးထိုးစုရပ် နေရာအသီး သီးတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများမှ ကြီးကြပ်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေးသူများနှင့် ဒုတိယအကြိမ်ထိုးနှံရန် သတ်မှတ်ရက် ပြည့်သူများအား မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဆေးထိုးစုရပ်နေရာ အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)