လင်းခေးမြို့နယ်တွင် အခြေခံပညာ(Grade-5) သင်ရိုးသစ်(TOT) ဗဟိုအဆင့်နည်းပြ online သင်တန်း ဖွင့်လှစ်

လင်းခေး ဧပြီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊လင်း‌ခေးမြို့နယ်ပညာရေးမှူးရုံးက ကြီးကြပ်မှုဖြင့် အခြေခံပညာ(Grade-5) သင်ရိုးသစ် (TOT) ဗဟိုအဆင့် နည်းပြ online သင်တန်းကို ယမန်နေ့ နံနက်(၉) နာရီကလင်းခေးမြို့နယ်ပညာရေးရုံးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ပညာရေးမှူးဒေါ်နန်းထားကြည် ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းသားများလိုက်နာရမည့် စည်းကမ်းချက်များကို သင်တန်း သားများအား အမှာစကားပြော ကြားခဲ့သည်။ ၎င်းသင်တန်းကို ဧပြီ(၂၀)ရက်မှ  (၂၅)ရက်နေ့အထိ နံနက် (၉)နာရီ မှ ညနေ (၄)နာရီထိ online စနစ်ဖြင့် ဆွေးနွေးပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ online စနစ်ဖြင့်ဆွေးနွေးပို့ချလျက်ရှိသော သင်တန်းတွင် မြို့နယ်အတွင်းရှိ မူလတန်း ကျောင်းအုပ် ဆရာ၊ဆရာမ (၁၄)ဦးတို့ တက်ရောက်လျက်ရှိကြပြီး၊ လာမည့်မေလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ မူလတန်းပြ ကျောင်းဆရာ၊ ဆရာမများအား ထပ်ဆင့်ပို့ချသွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ပို့ချ သင်ကြားပေးသွားရာတွင် မြန်မာစာ၊အင်္ဂ လိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှု၊ ဘဝတွက်တာ၊ စာရိတ္တဘာသာရပ်၊ ပြည်သူ့ နီတိ၊ ပန်းချီဘာသာရပ်နှင့် ကာယပညာဆိုင်ရာဘာသာရပ်များပါ ဝင်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းဇော်လတ်