လားရှိုးမြို့တွင် Grade 5 သင်ရိုးသစ်သင်တန်းဖွင့်လှစ်

လားရှိုး ဧပြီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းပြ ဆရာ/  ဆရာမများနှင့် နမ့်ဆန်မြို့၊ မန်တုံမြို့တို့မှ ဆရာ/ဆရာမများအား အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း တို့တွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က Grade-5 သင်ရိုးသစ်သင်တန်းကို တပြိုင်နက် တည်းဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းအား ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီး ဌာန နည်းပြဆရာ/ဆရာမများမှ Viedo Conferencing ဖြင့် သင်ကြား ပို့ချသွားမည်ဖြစ်ပြီး အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်းတွင် လားရှိုးမြို့ပေါ်ရှိ ဆရာ/ဆရာမ (၅၆)ဦးဖြင့် ၊အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် နမ့်ဆန်မြို့၊ မန်တုံမြို့မှ ဆရာ/ ဆရာမ (၃၄)ဦးတို့ဖြင့် ဧပြီလ(၂၀) ရက်နေ့မှ (၂၆)ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး