ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ ၁၂ ဦး ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပေး

ကျိုင်းတုံ ဧပြီ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား ၁၂ ဦး အား   ယမန်နေ့က စနစ်တကျ လွှတ် ပေးခဲ့ကြောင်းသိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဉ်းသားများအား ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ညွန့်ဌေး၊ ကျိုင်းတုံအကျဉ်းထောင်မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားပြောကြားပြီး လွတ်ငြိမ်းသက်သာခွင့် လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ကျိုင်းတုံ အကျဉ်း ထောင်မှ ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့်ရရှိသည့် နိုင်ငံသား အကျဉ်းသား ၁၁ ဦး၊ နိုင်ငံခြားသား ၁ ဦး စုစုပေါင်း ၁၂ ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)