ကဝ ဧပြီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နေ့လယ်(၁၂:၀၀)နာရီက ဆောင်ရွက် ခဲ့သည်။
ထိုသို့ ပြသဆောင်ရွက်ရာတွင် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာနများ၏ ဆက်သွယ်ရန်လိပ်စာများ၊ လူကုန်ကူးမှုများ ပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှု လုပ်ငန်းစဉ်(၃)ဆင့်၊ လူကုန်ကူးမှုဖြစ်ပွားသော အဓိကအကြောင်းရင်းများ၊ လူကုန်ကူးမှုအန္တရာယ် ပူးပေါင်းကာကွယ်တိုက်ဖျက်၊ လူကုန်ကူးခံရသောကြောင့် ရရှိသော ဆိုးကျိုးများနှင့် အသုံးပြုသောနည်းလမ်းများ၊ တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်၍ အလုပ်လုပ်ကိုင်ရန် သွားလာမည်ဆိုပါက လူကုန်ကူးခံရနိုင်သည်ကို အထူးဂရုပြုရန်စသည့် အသိပညာပေးအကြောင်းအရာများ ပါဝင်ပြီးစာဖတ်ပရိသတ်များ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
သန်းသန်းဝင်း