ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ ရေလှူဒါန်း

ညောင်ဦး  ဧပြီ  ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ဆည်းခံတဲတိုက်၊ သပြေကန်တဲတိုက်၊ ကန်နီကြီးတဲတိုက်နှင့် ထီးပုကျေးရွာသို့ ယမန်နေ့ နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၄၈၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ သောက်ရေ အလှူတော်အသင်း အကျိုးဆောင် ဦးဝင်းမင်းထွန်းထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ဆည်းခံတဲတိုက်၊ သပြေကန်တဲတိုက်၊ ကန်နီကြီးတဲတိုက်နှင့် ထီးပုကျေးရွာ ရေဂါလံ ၄၈၀၀ လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ လိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေး လျက်ရှိရာ ယခုလှူဒါန်းသည့် ဆည်းခံတဲတိုက်အတွက် ရေဂါလံ ၈၀၀၊ သပြေကန်တဲတိုက် အတွက် ရေဂါလံ ၈၀၀၊ ကန်နီကြီးတဲတိုက်အတွက် ရေဂါလံ ၁၆၀၀ နှင့် ထီးပုကျေးရွာအတွက် ရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ ဂါလံ (၁၄၁၄၆၀) ဂါလံ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD