ရန်ကင်း ဧပြီ ၁၈
ရန်ကင်းတိုင်းဒေသကြီး၊ ရနကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် နံနက် ၈နာရီမှ ၁၀ နာရီအထိ ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက်ရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်မြတ်ကြီးမှစတင်ကာ ရန်ကင်း တစ်မြို့နယ်လုံး လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များကို မြို့နယ်သံဃာ့နာယက ဆရာတော် ကြီးများက ရွတ်ဖတ် သရဇ္စျယ်ခြင်း၊ ပရိတ်ရေပက် ဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်လည်း ညနေ ၅နာရီအချိန်တွင် သံဃာတော် ၅ ပါး ပင့်ဖိတ်ကာ ပရိတ်တရား တော်များကို နာယူခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များက အသက်(၉၅)နှစ်နှင့်အထက် ဘိုးဘွား များအား ပူဇာစပူဇ နေယျာနံ ဧတံမင်္ဂလ မုတ္တမံ တည်းဟူသော မင်္ဂလာတရား တော်နှင့်အညီ ရန်ကင်းမြို့နယ်အတွင်းရှိ သက်ရွယ်ကြီးမား ဂုဏ်အင်များနှင့် ပြည့်စုံကုံလုံ မြင့်မြတ်ကြသည့်ဘိုးဘွားတို့အားငါးဖြာအနန္တ မခြားစိတ်ဝယ် မှတ်ထင်ဦးညွတ်ကာ သဒ္ဒါစိတ် ရည်သန်၍ ဘိုးဘွားများအား ကန်တော့ငွေ တစ်ဦးလျှင် (၅၀၀၀၀)နှုန်းနှင့် ဆေးဝါးများကို အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ကြကာ ကန်တော့ခံ အဘိုးအဘွားများက ဆုပေးစကားချီးမြှင့်ပြီး ကျန်းမာရေးဌာနမှဝန်ထမ်းများ ကလည်း ဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုများပေးကာ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အိရွှေစင်(ပြန်/ဆက်)