မြိတ် ဧပြီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနှစ်သစ် မင်္ဂလာအခါ သမယအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ဖြင့် မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူ တောင် ကုန်ထုတ်စခန်းနှင့် နတ်စင်ကုန်း ကုန်ထုတ်စခန်းခွဲတို့မှ အကျဉ်းသား/သူ(၅၆)ဦးအား လွတ်ပေးခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးရာတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူများအနက် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား(၉)ဦး၊ အကျဉ်းသူ(၂)ဦး၊ ကျောက်ဖြူတောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား(၂၁)ဦး၊ နတ်စင်ကုန်းကုန်ထုတ်စခန်းခွဲမှ အကျဉ်းသား(၂၄)ဦး စုစုပေါင်း(၅၆)ဦးတို့အား ယမန်နေ့ နံနက်ပိုင်းက အဆိုပါနေရာများတွင် တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြား၍ ထောင်လွတ်လက်မှတ်၊ စားစရိတ်နှင့် ခရီးစရိတ်များပေးပြီး လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ်၊ ပြန်/ဆက်)