ငါးသိုင်းချောင်းမြို့၊ အ-ထ-က စာစစ်ဌာန၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် ဖြေဆို

ငါးသိုင်းချောင်း ဧပြီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-က စာစစ်ဌာန၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ သမိုင်းဘာသာရပ်ဖြေဆိုခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က အဆိုပါစာစစ်ဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာစစ်ဌာန၌ အ-ထ-က၊ ငါးသိုင်းချောင်း၊ ထ(ခွဲ)ကွင်းလျား၊ ထ(ခွဲ)တက်ဆိပ်၊ ထ(ခွဲ)ဒေါင့်ကြီးနှင့် ပြင်ပဖြေဆိုသူ၊ သမိုင်းဘာသာရပ်ဖြေဆိုရန် ကျောင်းသား/ ကျောင်းသူ (၁၀၁)ဦး စာရင်းရှိပြီး (၈၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ (၁၃)ဦးရှိခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်း ၈၇ ဒဿမ ၁၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာ၊ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများက စာမေးပွဲကာလတစ်လျောက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါစာစစ်ဌာန၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)