တနင်္သာရီမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(သမိုင်း)ဘာသာ ဖြေဆိုပြီးစီး

တနင်္သာရီ  ဧပြီလ ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ၃၁ရက်မှစတင်၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ ယနေ့ဧပြီလ ၈ ရက်နေ့၌ နောက်ဆုံးနေ့အဖြစ် အထက-တနင်္သာရီနှင့် အထက-ညောင်ပင်ကွင်း စာစစ်ဌာန(၂) ခု အတွင်း အတွဲ(၂) (သမိုင်း)ဘာသာအား ကျောင်းသူ/ သား (၁၇)ဦးတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အေးချမ်းစွာဖြေဆိုပြီး စီးခဲ့ကြကြောင်း သိရသည်။

တနင်္သာရီမြို့နယ် အထက-တနင်္သာရီနှင့် အထက-ညောင်ပင်ကွင်း စာစစ်ဌာန(၂)ခု တွင် (သမိုင်း) ဘာသာ၌ ဖြေဆိုရန်( ၂၂)ဦး စာရင်းရှိသည့်အနက် (၁၇)ဦးလာရောက် ဖြေဆိုသဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၇၇.၂၇) ဖြစ်ကြောင်းနှင့် မနက်ဖြန်ဧပြီလ(၉)ရက်နေ့၌ တနင်္သာရီမြို့နယ် အတွင်းရှိ စာစစ်ဌာနများတွင်(စိတ်ကြိုက်)မြန်မာစာဘာသာကို ဖြေဆိုရန် စာရင်း(မရှိ)သဖြင့် ယနေ့သည် စာမေးပွဲနောက်ဆုံးနေ့ ဖြေဆိုခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

၎င်းတက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသူ/ကျောင်းသားများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များနှင့် ကျောင်းကော်မတီ အဖွဲ့များကစာစစ်ဌာနအလိုက် အပြင်စည်းမှ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

နန်းသာရီ-ထိန်ဝင်း