ကျိုက်လတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ကျိုက်လတ် ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်  ကျိုက်လတ်မြို့နယ်  မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဇန်နဝါရီလ ၂၁ရက်နေ့နံနက် ၉နာရီ မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ အတွက် ပင်စင်ထုတ်ပေးရမည့် အငြိမ်းစား ဝန်ထမ်းပေါင်း (၁၃၀၀)ကျော်ရှိရာ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို အစိုးရရုံးပိတ်ရက်များမှအပ လကုန် အထိ ဘဏ်ဖွင့်ရက်များတွင်  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေး ထုတ်ပြန်ချက်များ နှင့်အညီ ထုတ်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ဌေးဌေးလှိုင်