တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်သာ ဇန်နဝါရီ  ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် စိတ်နှလုံးအေးချမ်းပါစေ  စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင်  မြို့နယ်ဦးစီးမှူး ဦးရဲဝင်အောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာပေဖတ်ရှုသည့် အလေ့အထတိုးတက်မှုရရှိစေရန်  အပတ်စဉ်အင်္ဂါနေ့တိုင်း စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။စာထောက်(၃) ဒေါ်သိမ့်သိမ့်အေးက ရည်ရွယ်ချက်မြင့်မြင့်ထားပါ  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်ဌေးဌေးဝင်းက ရင့်ကျက်မှု  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်(၂)ဦး ကျော်မျိုးနိုင်က အလုပ်ဟူသမျှဂုဏ်ရှိစွ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်တင်မိုးခိုင်က လမ်းမှန်နဲ့ပန်းတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍  မြို့နယ် ဦးစီးမှူး  ဦးရဲဝင်အောင်နှင့်ဝန်ထမ်းများက အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)