မြောင်းမြ တွင်ပြိုင်ပွဲဝင် အားကစားသမားများအား စခန်းသွင်းလေ့ကျင့်

မြောင်းမြ ဇန်နဝါရီ  ၂၁

၂၀၂၂ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသားဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲနှင့် အမျိုးသမီး အခြေခံမျိုးကွဲရိုးရာ ခြင်းလုံးခတ်ပြိုင်ပွဲများကို ၂၀၂၂ ခုနှစ်ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

မြောင်းမြ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့်အဆိုပါခြင်းလုံးခတ်ပြိုင်ပွဲတွင် ခရိုင်ကိုယ်စားပြု ပါဝင်ယှဥ်ပြိုင်မည့် အားကစားသမားများအား (၁၅ -၁ -၂၀၂၁)နေ့မှစကာ စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း၊ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင်ပြိုင်ပွဲတွင်မြောင်းမြခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့်အမျိုးသား ၆ ပေါက်တန်းနှင့်အမျိုးသမီးအမျိုးသားအထိ ၆ ချက်ပြိုင်ပွဲများဖြင့်ပါဝင်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးခင်စိုး၏ပြောကြားချက်အရသိရသည်။ 

စန္ဒာကြည်