ဟိုပုံးမြို့၌ Book Club စာဖတ်ဝိုင်းပြုလုပ်

ဟိုပုံး ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် စာပေချစ်မြတ်နိုးသူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများ Book Club စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး Community Centre ခန်းမတွင် ယနေ့နံနက် ၁၁နာရီ အချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းခမ်းခြူးမှ  လူငယ်လူရွယ်များ စာဖတ်တတ်သည့် အလေ့အကျင့် အားကောင်း လာစေရန်၊ စာပေမှ ရရှိသည့် အသိပညာဖြင့် သူတစ်ပါးကို မျှဝေနိုင်စေရန်၊ ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကြောင်း ပြောကြားသည်။ စာဖတ်ဝိုင်းတွင် ဆရာအောင်သင်း နောက်ဆုံးရေးသားခဲ့သော ကျောင်းသားလူငယ်တွေ စာအုပ်မှ စကားမစပ်ဖြတ်၍ပြောခြင်း၊ သတင်းမှားသော်လည်း အားတက်စရာ နှင့် ဆရာဆိုတာ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော Book Club အဖွဲ့ဝင်များမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိုပုံး(ပြန်/ဆက်)