ပင်လောင်း၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲ မဲခွဲပွဲကျင်းပ

ပင်လောင်း ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်ဘောလုံးအဖွဲ့ချုပ် နှင့် ပင်လောင်း All Star  ဘောလုံးအဖွဲ့တို့ ဦးစီးကျင်းပသည့်  ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ ပန်သစ္စာ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပနိုင်ရန် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ပန်သစ္စာဖူဆယ်ဘောလုံးကွင်း၌ ပြိုင်ပွဲအသင်းများ အုပ်စုမဲခွဲခဲ့ပြီး ပြိုင်ပွဲတွင် ပါဝင်သည့် ဖူဆယ်ဘောလုံး အသင်း ၂၇ သင်းအား အုပ်စုကိုးအုပ်စုဖြင့် မဲခွဲ၍ တစ်အုပ်စုလျှင် အသင်းသုံးသင်းပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ အုပ်စုတစ်စုလျှင် အမှတ် အများဆုံးရရှိသည့် အသင်းနှစ်သင်းအား ရှုံးထွက်အဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)