တိုက်ကြီးမြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသ

တိုက်ကြီး ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဉီးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့်  ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ  နံရံကပ်စာစောင်တွင်  ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဖြစ်ရပ်များနှင့် ဆက်သွယ်တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ ကလေး သူငယ်များအား လိင်ပိုင်းဆိုင်ရာ လွဲမှားစွာပြုကျင့်ခြင်း၊ အကြမ်းဖက်ခြင်းများ ပပျောက်ရေး အသိပညာပေး သရုပ်ဖော် ကာတွန်းရုပ်ပုံများ၊ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့် နည်းလမ်း များနှင့် မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မီးလောင်နေစဉ် ​ရှောင်ရှားသင့်သည့် အချက်များ၊ မီးလောင်မှု ဖြစ်ပွားမှုပုံစံများနှင့် မီးငြှိမ်းသတ်ရန် နည်းလမ်းများ၊ မီးငြိမ်းပြီးပါက ပြုလုပ်ရန်အချက်များ စသည့်ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ပေးထားကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)