ဆီဆိုင် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုမိုမောင်မှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်း၊ နည်းပြဆရာများအား လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများက အခြေခံမြန်မာ့သိုင်းများကို သရုပ်ပြသခဲ့ကြသည်။ အဆိုပါ သင်တန်းတွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား(၇၅)ဦး၊ ကျောင်းသူ(၅၅)ဦး၊ စုစုပေါင်း(၁၃၀)ဦးတို့အား (၁၁)ရက်ကြာ သင်ကြားပေးခဲ့ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)