မအူပင်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်

မအူပင် ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်၊ ပထမ()လပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ နာရီအချိန်ခန့်က ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မအူပင်မြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျုံးဝင်သည့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင် ကျပ် (၁၀၀၀၀/-) နှုန်းဖြင့် ()လစာ ကျပ် (၃၀၀၀၀/-)ကို သက်ကြီးဘိုးဘွား စုစုပေါင်း (၁၄၈၂)ဦးအတွက် စုစုပေါင်း (၄၄၄၆၀၀၀ဝိ/-)တိတိအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတိုးတိုးဝင်း၊ ခရိုင်လူမှု ဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မအူပင်ခရိုင်(ပြန်ဆက်)