လိပ်သိုမြို့  ပြည်သူ့စာကြည့်တိုက်တွင်  စိတ်ကြိုက် ပန်း ချီ ပြိုင်ပွဲနှင့် စွမ်းရည်ပြိုင်ပွဲများ  ပြုလုပ်    

လိပ်သို  ဒီဇင်ဘာ   

ကျောင်းသား၊ကျောင်းသူ ကလေးသူငယ်များ အနေဖြင့်    အားလပ်ချိန်များကို   အကျိုးရှိစွာ  အသုံးချတတ်ရန်၊  ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊  ကိုယ်ပိုင်တီထွင်  တတ်သည့်  အတွေးအခေါ်များ  ရှိစေရန်၊  စာကြည့်တိုက်ကို  အသုံးပြုတတ်စေရန်  ရည်ရွယ်၍  ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ကလေး စာဖတ်ခန်းတွင်  ယမန်နေ့မွန်းလွဲ  (၁)နာရီအချိန်က ပန်းချီပြိုင်ပွဲ နှင့် စွမ်းရည်ပြိုင်ပွဲများ  ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ  လုပ်ငန်းတွင်  မြို့ဦစီးမှူးနော်နီလာအေးက  ကလေးသူငယ်များအနေဖြင့်   စာဖတ်ခြင်း ဖြင့်  အသိပညာ ဗဟုတတိုးပွား လာစေရန်၊ စာကြည့်တိုက်ကိုလာရောက် အသုံးပြုသည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်အတွက်   ယခုကဲ့သို့  ပြိုင်ပွဲများ  ပြုလုပ်ပေးခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။  ထို့နောက်  ကိုဗစ်-၁၉ရောဂါ  စည်းကမ်းချက်များနှင့်အညီ  စိတ်ကြိုက် ပန်းချီ ပြိုင်ပွဲနှင့် စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးပြီး  အမှတ်တရလက်ဆောင်များ ပေးခဲ့ကြောင်း  သိရသည်။

 မြို့ (ပြန်/ဆက်)