လှိုင် ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီ ကျောင်းလမ်း၊ သိပ္ပံပစ္စည်းစက်ရုံ၀န်းရှိ ကိုဗစ်-၁၉ကုသရေးစင်တာတွင် ယနေ့ နံနက်ပိုင်းက ဒေသခံ ပြည်သူများသို့ ဦးစားပေး ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံဆောင် ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များကိုလည်း ထုတ်ပေး လျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ သက်ဆိုင်ရာမြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ စေတနာ့ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရာ၌ အဆင်ပြေချောမွေ့စေရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင်အဆိုပါ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပြီးစီးသူ (၄၂၄)ဦးနှင့် (ဒုတိယအကြိမ်) ထိုးနှံပြီးစီးသူ ( ၁၀၅၅)ဦး ရှိကြောင်းသိရှိရသည်။