ဖြူး နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်း များအနေဖြင့် စာဖတ်သည့် အလေ့အထများ စဉ်ဆက်မပြတ် အမြဲတမ်းဖတ်မှတ် လေ့လာနိုင်စေရန်အတွက် ရည်ရွယ်ပြီး ဒို့ကျေးရွာဂျာနယ် အတွဲ-၁၈၊ အမှတ်-၂၀၊၂၀၂၁ခုနှစ်၊ အောက်တိုဘာလ(၁၅) ရက်နေ့ထုတ် ဂျာနယ်ပါ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ပြည်သူက ချစ်ခင်လေးစားရသော ဆောင်းပါးအား ယနေ့နံနက် (၁၁)နာရီအချိန် က ဦးစီးဌာန Community Centreခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ် အေးက ပြည်သူများစာပေဖတ်ရှုနို်ငစေရေးအတွက် ဝန်ဆောင်မှုပေးနေရသည့် မိမိတို့အနေဖြင့် စာပေနှင့် မကင်းသည့်အတွက် ကိုယ်တိုင်စာပေဗဟုသုတကို ဖတ်ရှုနေရမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် အများပြည်သူများကို စာပေဖတ်ရှုနိုင်အောင်၊ စာပေနှင့်နီးစပ်မှုရှိနိုင်ရေး ဝန်ဆောင်မှုလုပ်ငန်းများလည်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါ ကြောင်းနှင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ဝန်ထမ်းများက စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ပြည်သူက ချစ်ခင်လေးစားရသော ဆောင်းပါးအား အပိုဒ်လိုက် အသီးသီးဖတ်ကြားကြပြီးနောက် ဆောင်းပါးပါအကြောင်းအရာ များဖြစ်သည့်အများ ချစ်ခင်လေးစား ရသော သူဖြစ်ရန်အတွက်လူအရိုအသေတန်တဲ့အနေအထိုင်၊အပြောအဆို၊ အမူအကျင့်၊ ချွတ်ယွင်းချက် အားနည်းချက်တွေ ရှောင်ရှားပြီး မိမိကိုယ်ကို လေးစားမှုရှိကြစေလိုကြောင်း။ အရည်အသွေးလည်း ပြည့်ဝ မြင့်မားမယ်၊ မိမိတန်ဖိုးကိုသိမယ်၊ မိမိတို့အလုပ်ရဲ့ ကောင်းကျိုးကိုလည်း မြှင့်တင်နိုင်ကြစေလိုတယ်စသည့် အချက် များကို ပြန်လည်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်