ပျော်ဘွယ် ဒီဇင်ဘာ ၁၃
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့အားကြိုဆိုဂုဏ်ပြုသော အားဖြင့် ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း (ပန်းစုံ)တို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ် တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပန်းချီပြိုင်ပွဲဝင် အဌမတန်းကျောင်းသားတစ်ဦးက “ကျွန်တော်က ပန်းချီဆွဲရတာဝါသနာပါတယ် ခင်ဗျ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အတွက် ဘယ်လိုပန်းချီမျိုးတွေရေးဆွဲရမယ်ဆိုတာ ဆရာ၊ ဆရာမတွေကသင်ကြား ပြသပေးပါတယ်၊ ကျွန်တော်မိဘတွေကလည်း ပန်းချီဆွဲဖို့လိုအပ်တဲ့ ပစ္စည်း တွေကို ဝယ်ပေးပါတယ်”ဟုရှင်းပြသည်။
အဆိုပါ ပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာလ(၁၇)ရက်နေ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ကျင်းပပြုလုပ်မည့် နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)