ကျောက်တံခါးမြို့တွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း (၁/၂၀၂၁)ဖွင့်လှစ်

ကျောက်တံခါး  ဒီဇင်ဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၁)ကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချကြောင်း သိရှိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ် သည့် သင်တန်းသည် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းဆောင်များ ဆောင်ရွက်ရာတွင် လုပ်ထုံး လုပ်နည်း၊ ဥပဒေနည်းဥပဒေများကို သိရှိနိုင်ရန်နှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည့်အတွက် အလေးထား မှတ်သားကြရန်၊ သက်ဆိုင်ရာ သင်တန်းနည်းပြများ၏ ဆွေးနွေးချက်များအပေါ် မရှင်းလင်းသည့် အချက်များရှိပါက  ပြန်လည်ဆွေးနွေး မေးမြန်းကြရန်တို့ကို ပြောကြား ပါသည်။

ဆက်လက်၍ သက်ဆိုင်ရာ သင်တန်းနည်းပြများက သတင်းပို့ချကြသည်။အဆိုပါသင်တန်းကို ဒီဇင်ဘာ(၁၃)ရက်နှင့် (၁၄)ရက်ထိ (၂)ရက်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းသား(၆၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စန်းစန်း