မောက်မယ် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှဝန်ထမ်းများက ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ပြီး ဝေးလံခေါင် ဖျား ကဒူကြီးကျေးရွာအုပ်စုအတွင်းရှိကျေးရွာများဖြစ်သော ဒုံပုံးကျေးရွာ ၊ နမ့်ပါတက်ကျေးရွာ ၊ နောင်ခိုက်ကျေးရွာ ၊ နားဟီးကျေးရွာ ၊ ရှမ်း(မောက်မယ်)/ကယား(ရှားတော)နယ်စပ် နောင်လောင်းကျေးရွာနှင့် ဒေါတခေါကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ကြသည့်ဝန်ထမ်းများတို့က အိမ်ထောင်စုဇယားနှင့်အသက်(၁၀)နှစ်ပြည့် ၊ အသက် (၁၈) နှစ်ပြည့် ၊ လဲလှယ် ၊ မိတ္တူ နိုင်ငံသားစိစစ်ရေးကဒ်ပြားများရရှိစေရေးအတွက် ဒေသခံ တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ(၁၄၆)ဦးအား ဆောင်ရွက်ပေးပြီး လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများရရှိရေး ကျန်ရှိနေသေးသည့် ဝေးလံခေါင်ဖျား ကဒူကြီးကျေးရွာအုပ်စု အတွင်းရှိ ဗန်းမတ်ကျေးရွာ ၊ မိုက်ဟိုင်းကျေးရွာ ၊ ဒုံခုံးချားကျေးရွာ ၊ ဘုရားကုန်းကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုလဝကမှူးဦးတင်မောင်နိုင် ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)