ကွမ်းခြံကုန်းမြို့နယ်၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

ကွမ်းခြံကုန်း  ဒီဇင်ဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး ခေတ္တမြို့နယ် မှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်၊ လဝကမှူး ဒေါ်တင်မာလွင်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ကထီဖာကျေးရွာအုပ်စု မာလကာကုန်းကျေးရွာ မင်္ဂလာခန်းမတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါပန်းခင်းစီးမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရခြင်းကို ကွမ်းခြံကုန်း မြိုနယ်မြို့နယ် ဦးစီးမှူးရုံးခေတ္တမြို့နယ်မှူး လက်ထောက်ညွန်ကြားရေးမှူး ဦးထင်အောင်က နိုင်ငံသား တစ်ယောက်အတွက် တရားဝင်နိုင်ငံသား အခွင့်အရေးရရှိရန် နိုင်ငံသားစီစစ်ရေးကတ်၏အရေးပါမှုကို ရှင်းလင်း ပြောကြားသည်။

အဆိုပါမာလကာကုန်းကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်၁၀နှစ်ပြည့် နိုင်ငံသား စီစစ်ရေးကတ်ပြား (၃၆)ဦးနှင့် အသက်၁၈နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြား(၅၂)ဦး၊ လဲလှယ်(၇)ဦး စုစုပေါင်း (၉၅)ဦးတို့ကို နိုင်ငံသား စီစစ်ရေးကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကာယကံရှင်များ လက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့်ရပ်ကွက်ကျေးရွာများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကွမ်းခြံကုန်း မြို့နယ်ဦးစီးမှူးရုံး ခေတ္တမြို့နယ်မှူး လက်ထောက်ညွန်ကြားရေးမှုး ဦးထင်အောင်ထံမှ သိရသည်။

ဆွေနွယ်