ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ငါးသိုင်းချောင်း   ဒီဇင်ဘာ   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊  အမျိုးသားခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်၌ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူများသို့ ဦးစားပေး ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် နိုဝင်ဘာလ ၉ ရက်နေ့နှင့် ရှေ့ပိုင်း (ဒုတိယ အကြိမ်)ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ရက်ပြည့်သူများကိုလည်း တစ်ပြိုင်တည်း ထိုးနှံဆောင် ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များကိုလည်း ထုတ်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ သက်ဆိုင်ရာမြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရာ၌ အဆင်ပြေချောမွေ့‌စေရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းအထိ အဆိုပါ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပြီးစီးသူ (၆၃၁၂)ဦး ရှိပြီ ဖြစ်ကြောင်းသိရှိရသည်။

မြို့ပြန်/ဆက်