ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဆွမ်ပရာဘွမ်   ဒီဇင်ဘာ   ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဒေသနေပြည်သူများအား စာဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိလာသော အကျိုးကျေးဇူးများအကြောင်း သိရှိနိုင်စေ ရန်ရည်ရွယ်ကာ ယနေ့ နံနက်(၁၀)နာရီက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသား ပြုစုထားသော “ကိုယ့်ကိုယ်ကိုယုံကြည်မှုစာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဂျေအားနာက လူငယ်များ အနေဖြင့် စာဖတ်ခြင်းမှ ရရှိလာသော အသိပညာ၊ အတတ်ပညာ စဉ်းစားဉာဏ်ဆင်ခြင်နိုင်စေရန်၊ လူငယ်များ အတွေးအခေါ်မြင့်မားလာစေရန်၊ စာဖတ်ခြင်းဖြင့် အကျိုးအကြောင်း၊ အကောင်းအဆိုးများ ဝေဖန်ပိုင်းခြားတတ်လာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်းနှင့် စာပေချစ်သူ စာပေမြတ်နိုးသူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတိုင်ပင်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်အတွက်  “ကိုယ့်ကိုယ်ကို ယုံကြည်မှု စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများမှ အကျဉ်းချုပ်အပြန်အလှန် ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအား ဆွမ်ပရာဘွမ်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်ဇနီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့ မိသားစုက ကြက်သားဆန်ပြုတ်ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)