ဟိုပန် ဒီဇင်ဘာ ၁၃
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ် မြောက်ပိုင်း၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ဟိုပန်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဝင်းဦးနှင့် ဝန်ထမ်းများသည် ယမန်နေ့က ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာနှင့် နောင်မိုကျေးရွာများသို့ သွားရောက်၍ "ပန်းခင်း"စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် "ပန်းခင်း"စီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ ယနေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း(၁၉၈) နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၃၄)ခု တို့ကို ပြုလုပ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ကျေးရွာအုပ်စုများသို့လည်း ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)