ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၄)ရပ်ကွက် မြို့အဝင်လမ်းသွယ် ကွန်ကရစ်ခင်းပေးမည်

ရှမ်းရွာသစ်     ဒီဇင်ဘာ   ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ မြို့သာယာလှပ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ် ၍ အရှည် (၂၃၅)ပေ၊ အကျယ်(၁၄)ပေနှင့် ထုထည်အမြင့်(၄) ပေရှိသော အမှတ်(၄)ရပ်ကွက်ရှိ မြို့အဝင်လမ်း သွယ်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၉၄၀၀၀၀ဝိ/-)ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေး အတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ပြီး အမြင်အားဖြင့် တင့်တယ်သွားမည်ဖြစ်ကြောင်း  မြို့စည်ပင် သာယာရေးအဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)