ထီးချိုင့် ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ယနေ့နံနက် (၈) နာရီအချိန်က မြို့မစည်ပင်သာယာ ဈေးအတွင်းအပြင်ရှိ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း ( Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးအတွင်းအပြင်ရှီ ဈေးသည်များ၊ ဈေးသို့လာရောက်ကာဈေးဝယ် ကြသူများ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ဈေးရောင်းချနေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပြီးမှု ရှိ/မရှိ စစ်ဆေးခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင် သွားလာရန်တို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြပြီး ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေရာတွင် (Mask) မတပ်ဆင်သူများကို အဓိကထားကာ နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။
အဆိုပါဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ ရဲမှူးပြေဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြိုးညွှန့်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်လဲ့လဲ့ခိုင်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ရဲလင်းထွန်း (ထီးချိုင့်)