အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲဆုပေးပွဲတွင် သံဖြူဇရပ်မြို့နယ်မှ ဆုတံဆိပ်များဆွတ်ခူးရရှိ

သံဖြူဇရပ် ဒီဇင်ဘာ ၁၂

၂၀၂၁ ခုနှစ်၊ မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၆) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယမန်နေ့မွန်းလွဲ ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲကို အမျိုးသား၊ အမျိုးသမီး အသင်းအုပ်စု၊ တစ်ဦးချင်းအလိုက် ယှဉ်ပြိုင် ကစားခဲ့ကြရာ၌ သံဖြူဇရပ်မြို့နယ်မှ အမျိုးသားအသင်းလိုက် (ဒုတိယ) ဆု၊ အမျိုးသမီးအသင်းလိုက် (ပထမ) ဆုနှင့် အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုကို မနန်းဧကရီကျော်တို့က ငွေသားဆု၊ ဆုတံဆိပ်များနှင့် တံခွန်စိုက် ဖလားဆုများကို အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)