လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း(မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ ညနေပိုင်း က ရပ်ကွက်နှင့် ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ ကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်၁၉ရောဂါမျိုးရိုးဗီဇ ပြောင်းဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုမှာ ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာပြီးဖြစ် ကြောင်း၊ ကိုဗစ်၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန်ကိုပြည်သူများ အနေဖြင့်ဆက်လက် ကာကွယ်တားဆီးနိုင်ရေး အတွက်အထူး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ် ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်ဉီးနှင့်တစ်ဉီး ခပ်ခွာခွာနေထိုင်ခြင်း၊ ပါးစပ် နှင့်နှာခေါင်းစည်းများ စနစ်တကျတပ် ဆင်ခြင်း၊ လက်ကို စက္ကန့်(၂၀) ကြာ မကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားကာ တတ်နိုင်သမျှ မိမိတို့၏ နေအိမ်၌သာ နေထိုင်ခြင်း၊ သံသယလက္ခဏာများခံစားရ လျှင်နီးစပ်ရာကျန်းမာရေးဌာနသို့ချက်ချင်း ဆက်သွယ်ခြင်းစသည့် ကိုဗစ်၁၉ ရောဂါကာကွယ်ရေးနည်း လမ်းများနှင့် အညီလိုက်နာနေထိုင်ရေးနှင့် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကိုအကြိမ်ပြည့် မပျက်မကွက် ထိုးနှံကြကာ အိုမီခရွန် အပါအဝင် ကိုဗစ်၁၉မျိုးရိုး ဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှုရပ်တန့်စေရေး ရောဂါကာကွယ်ရေးနည်းလမ်းများ ကိုပြည်သူများအားလုံး ဆက် လက်လိုက်နာ ခြင်းဖြင့်ပူးပေါင်း ဆောင်ရွက်ကြပါရန်အသိပညာ ပေးနှိုးဆော်ထားသည်။ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဉီးဆောင် မှုဖြင့် တာဝန်ရှိသူများကရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုး ဆော်ခြင်းလုပ်ငန်းများ၊ ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများကိုအရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ဝေဝေ ( ပြန် / ဆက် )