ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂) ချစ် ကြည်ရေးတံတားမှတစ်ဆင့်(၄၄၉)ဦး ဆက်လက်ဝင်ရောက်

မြဝတီ  ဒီဇင်ဘာ ၁၀

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်လက်ခံလျက်ရှိရာ  ယမန်နေ့တွင် ပြန် လည် ဝင်ရောက်လာသူ ၄၄၉ ဦး ဆက်လက်ဝင်ရောက်ခဲ့သည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာများ အသိပညာပေးခြင်း၊  ပြန်လည်ဝင်ရောက်လာ သူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ မြဝတီမြို့ရှိ သက်ဆိုင်ရာ အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စခန်းများသို့ ပို့ဆောင်ပြီး ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေး ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများ ကို ဆောင်ရွက်ပေးခဲ့သည်။

ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၂၇၉ဦး၊ အမျိုးသမီး ၁၇၀ ဦး စုစုပေါင်း ၄၄၉ ဦးရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)