ညောင်လေးပင်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်

ညောင်လေးပင် ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားမှုများအား လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပထမဆုံးအနေဖြင့် ညောင်လေးပင်မြို့မစျေးကြီးအတွင်း လျှပ်စစ်မီးများ သွယ်တန်းထားမှုအား စစ်ဆေးပြီး ရေဂါလံ ၂၄၀၀ဆန့် ရေစင်ထံမှ ရေအလွယ်တကူ ရရှိနိုင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။ ထို့နောက် ​စျေးကြီးအတွင်း ထားရှိသော မီးသတ်ဆေးဘူး ၁၀၀ ကျော်အား အသုံးပြု၍ ရနိုင်ခြင်းရှိမရှိ ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းများအား လက်ထောက်ညွှန်​ကြားရေးမှူး ခရိုင်မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန်၊ မြို့နယ်မီးသတ် ဦးစီးဌာန ဒုဦးစီးမှူး ဦးကျော်နိုင်ဟိန်း၊ လက်ထောက္မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက် စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်