ရေကြည်မြို့နယ်တွင် (၃၆)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

ရေကြည်   နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင်(၃၆)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတွင ပဒေသာပင်များလှည့်လည်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်ကမြို့ပတ်လမ်းတစ်လျှောက်လှည့်လည်၍ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတွင် ဌာနဆိုင်ရာများလူမှုရေးအသင်းအဖွဲ့များ စီးပွားရေး လုပ်ငန်းရှင်များနှင့် စေတနာရှင်မိဘပြည်သူများက စုပေါင်းလှူဒါန်းသည့်ပစ္စည်းတန်ဖိုးနှင့် ငွေသားတန်ဖိုးစုစုပေါင်း(၁၄၈၃၀၁၀၀)တန်ဖိုးရှိပဒေသာပင်(၃၀)ကိုစုပေါင်းလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါပဒေသာပင်များကိုမနက်ဖြန်နံနက်ပိုင်းတွင်ပင့်သံဃာ(၃၀)ပါးတို့အားကံစမ်းမဲဖောက်၍ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်သူဟန်  (ပြန်/ဆက်)