ဆင်ပေါင်ဝဲမြို့နယ်ညံတောအင်းကျေးရွာရှိဧရာဝတီမြစ်မှရေတင်စိုက်ပျိုးနိုင်မည့်အခြေ အနေများအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ် မှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆင်ပေါင်ဝဲ  နိုဝင်ဘာ  ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာသို့ သရက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့များသည် ယမန်နေ့ နံနက်(၁၁)နာရီက ညံတောအင်းကျေးရွာရှိ မိုးကောင်းသောက်လယ်များအတွင်း မိုးရေရရှိမှု နည်းပါးသဖြင့် အစားထိုးသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆိုလာစနစ်သုံး  ဧရာဝတီမြစ် မှ မြစ်ရေတင် စီမံကိန်းဆောင်ရွက်နိုင်မည့်  အခြေအနေများအား  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှဧရာဝတီမြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်မှ ဆိုလာ စနစ်သုံး ​ဧရာဝတီမြစ်ရေတင်စိုက်ပျိုးနိုင်ရေးစီမံကိန်းအား သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့အနေဖြင့် အောင်မြင်အောင် ဆောင်ရွက် ကြရန်၊ ညံတောအင်းကျေးရွာရှိပြည်သူများမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းအခက်အခဲရှိပါက အမြန်ဆုံးပြန်လည်တင်ပြရန်မှာကြားခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်ဆက်)