တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

တောင်ဥက္ကလာပ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း ဆွမ်းကွမ်းဝေယျဝစ္စ အဆင်ပြေစေရန်အတွက် မြင်သာမြို့ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိူးရေး ပရဟိတဂေဟာသို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို ယမန်နေ့က ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ လှူဒါန်းမှုတွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ သပြေမိသားစုမှ ဆွမ်းဆန်တော်(၁၅)အိတ်၊ ဆီ(၃)ပုံးနှင့် အသုံးအဆောင်ပစ္စည်းများ စသည့် လှူဖွယ်ပစ္စည်းတို့ကို မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၌ သီတင်းသုံး နေထိုင်လျက်ရှိသော ရဟန်း၊ သာမဏေများ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရန်နှင့် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည်များ အခက်အခဲမရှိ အဆင်ပြေစေရန် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း