မိုင်းရယ် အောက်တိုဘာ ၂၅
မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်အဖြစ် ပြည်သူ့စာကြည့်တိုက်မှ စာအုပ်များ ကို ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနသို့ သွားရောက်ပြီး ငှားရမ်းပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ နေအိမ်များမှ အပြင်သို့ သွားလာမှု နည်းပါးနေပြီး စာကြည့်တိုက်သို့ မလာရောက်နိုင်ပါက မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library အဖြစ် ငှားရမ်းပေးခြင်း၊ ပြန်လည်သိမ်းယူပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိပါသည်။ Online မှတဆင့် အသိပညာပေးဆောင်ရွက်မှုများအဖြစ် ပုံပြင် ပြောခြင်း၊ စာအုပ်မိတ်ဆက်များ ကြေငြာပေးခြင်း၊ Talk Show များ ပြုလုပ်ပေးခြင်းများကို မိုင်းရယ်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှစဉ်ဆက်မပြတ်လွှင့်တင် ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇင်ထိုက်