မြို့သစ်မြို့နယ် ဆဒ္ဒန်ရေလှောင်တမံရေပိုလွှဲမှ (သုညဒသမခြောက်ပေခန့်)ရေကျော်ကျ

မြို့သစ် စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးတွင် အသုံးပြုနေရသည့် ဆဒ္ဒန်ရေလှောင်တမံသည် ယနေ့နံနက်ပိုင်းတွင်  ရေပြည့်အမှတ်ထက် သုညဒသမခြောက်ပေခန့် ရေကျော်ကျ လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက သိရ သည်။

အဆိုပါ ဆဒ္ဒန်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး ဆည်၏အထက်ပိုင်း၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် (၅၆၁ ဒသမ ၁၀) ပေဖြစ်ကာ ရေပြည့်အမှတ်ထက် (သုညဒသမခြောက်ပေခန့်) ရေကျော်ကျလျက်ရှိပြီး ဆည်၏ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့်ဆက်စပ် အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍  ဆည်အောက်ပိုင်းရှိ  ကျေးရွာနေပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆည်အနီးအနားနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံ စိုက်ထူ အသိပေးထားကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ  ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)