ဝါးခယ်မ စက်တင်ဘာ ၁၆
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်မြစ်ရေ တိုက်စား၍ မြစ်ကမ်းပါးပြိုကျခဲ့သဖြင့် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ခဲ့သော ကျေးရွာ(၃)ရွာမှနေအိမ်(၂၆)လုံးအတွက် ယမန်နေ့ နံနက်(၁၀)နာရီက ရွှေလောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနက ထောက်ပံငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့ရည်ချိုနှင့်တာဝန်ရှိသူများကဟင်္သာဒုံးကျေးရွာရှိနေအိမ်နေအိမ်(၁၅)လုံး၊ စစ်တန်းကျေးရွာရှိနေ အိမ်(၁)လုံး၊ အထက်ပေကုန်းကျေးရွာရှိနေအိမ်(၁၀)လုံး၊စုစုပေါင်းနေအိမ်(၂၆)လုံးအား အိမ်ဆောက် ပစ္စည်းရန်ပုံငွေအဖြစ် (၁)အိမ်လျှင်ငွေကျပ် (၁)သိန်းနှုန်းဖြင့် ငွေကျပ်(၂၆)သိန်း၊ မိသားစုဝင်(၁၄၂)ဦး အတွက်ဆန်ရိက္ခာအဖြစ် (၁)ဦးလျှင်ငွေ (၂၁၀၀)ကျပ်နှုန်းဖြင့် ငွေ(၂၉၈,၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၈၉၈,၂၀၀)ကျပ်အား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
စောသန္တာဦး(ပြန်/ဆက်)