ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေး စခန်းများမှ အသက်(၄၅)နှစ်အထက်ရှိသူနှင့် ဦးတည် အုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး လျက်ရှိ

ရ​သေ့တောင် စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ နေရပ်စွန့်ခွာခိုလှုံနေကြသည့် တိုက်ပွဲရှောင် ကယ်ဆယ်ရေး စခန်းများရှိ အသက်(၄၅)နှစ်အထက်ရှိသူများနှင့် ဦးတည်အုပ်စုတွင် ပါဝင်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား သတ်မှတ်စုရပ်များဖြစ်သည့် မေယုခန်းမ၊ စေတီတောင် ဓမ္မာရုံ၊ စေတီပြင်SCFI  လောင်းချောင်းအမက() ကူတောင်အကထနှင့် ဘာထလေအထကတို့တွင် တိုက်ပွဲရှောင် ကယ်ဆယ်ရေး စခန်းများရှိ နေရပ်စွန့်ခွာခိုလှုံ နေကြသည့် ဒေသခံပြည်သူများအနက် အသက်(၄၅)နှစ်နှင့် အထက်ရှိသူများနှင့် ဦးတည်အုပ်စုတွင်ပါဝင်သည့် ဒေသခံပြည်သူ(၃၁၇၄)ဦး၊ ကျေးရွာများတွင်နေထိုင် ကြသည့်ပြည်သူ(၂၁၄)ဦး စုစုပေါင်း(၃၃၈၈)ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများပြုလုပ်ပြီး ကာကွယ်ဆေး ထိုးနှံရန်လာရောက်ကြသည့် ဒေသခံပြည်သူများအား ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)