နမ္မတူ စက်တင်ဘာ ၁၆
နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏စီစဉ်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး အသံချဲ့စက်ဖြင့် အများပြည်သူအသိပညာပေး ဆော်ဩဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည် (၂)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆော်ဩဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကိုထိထိရောက်ရောက်ကာကွယ်နိုင်ရန်ရည်ရွယ်၍ နမ္မတူမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှလာသောဧည့်သည်များကို လက်မခံရန်၊ မိမိတို့မှလည်း သူတစ်ပါးအိမ် သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ပါစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေတပ်ဆင်၍ ၆ပေအကွာမှ ခပ်ခွာခွာနေရန်၊ (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ မိမိတို့နေအိမ်များအား လေဝင်လေထွက်ကောင်းစေရန်အတွက် ပြူတင်းတံခါးများ ဖွင့်ထားရန်၊ နေအိမ်ပြင်ပကပြန်လာပြီးတိုင်း လုပ်ဆောင်ရမည့်နည်းလမ်းများ၊ မိမိကိုယ်ကို သံသယလက္ခဏာ တစ်စုံတစ်ရာခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကုသမှုခံယူရန်၊ ရောဂါကူးစက်ပြန့်ပွားမှုမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက် မိဘပြည်သူအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးပထမအကြိမ်မထိုးနှံရသေးသည့် အသက် (၆၀)နှစ်မှ (၆၄)နှစ်အထိ မိဘပြည်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး အများပြည်သူအသိပညာပေး ဆော်ဩဆောင်ရွက် ခဲ့သည်။
နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် အများပြည်သူအသိပညာပေး ဆော်ဩဆောင်ရွက်ခြင်းကို ရက်သတ္တတစ်ပတ်လျှင်နှစ်ကြိမ်ဖြင့် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။
လူမော် (ပြန်/ဆက်)