ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ အိမ်မဲမြို့နယ် ရွှေရောင်ပြစာသင်တိုက်ကျောင်းသို့ ဆန်၊ဆီ၊ဆားများလာရောက်လှူဒါန်း

အိမ်မဲ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် ရွှေရောင်ပြစာသင်တိုက်ကျောင်းသို့ ယမန်နေ့ ညနေ ၅နာရီခွဲအချိန်က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆန်၊ ဆီ၊ ဆားအစရှိသည့်လှူဖွယ်ပစ္စည်းများကိုလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

အိမ်မဲမြို့နယ် ရွှေရောင်ပြစာသင်တိုက်ကျောင်းရှိဆရာ​တော်သံဃာတော်အရှင်သူမြတ်များအား ဝါတွင်းကာလ ဆွမ်း၊ကွမ်းအခက်အခဲ မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့က ဆန် (၁၃)အိတ်၊ဆီ (၁၃)ပိဿာ၊ ဆား(၁၃)ပိဿာတို့ကို လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကျန်းမာရေးဝန်ထမ်းများ  နှင့် volunteer  အဖွဲ့များအတွက် ppe ဝတ်စုံ ၂၅ ထည်၊apron  ၁၀၀ ခု၊ Glove လက်အိတ် ၁၀ ဖာ၊ ppe level (2) ၃၀ စုံ၊Cevit, zinc, amlodipine,antibiotic အစရှိသည်တို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

အိမ်မဲမြို့နယ် ရွှေရောင်ပြစာသင်တိုက်တွင် ယခုလအတွင်းကိုဗစ်(၁၉)ပိုးတွေ့လူနာ (၂၅)ဦး ရှိပြီးအဆိုပါလူနာများအား Covid-19 Treatment Center (ရွှေလင်းယုန်)တွင် ဆေးဝါး ကုသမှုများဆောင်ရွက်နေကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)