ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများလိုက်နာရမည့်အချက်များအားအသိပညာပေးနှိုးဆော်

 

ပျော်ဘွယ် စက်တင်ဘာ ၁၆

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများလိုက်နာ ရမည့် အချက်များအားသိရှိစေရန် စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ကန်သာကျေးရွာတွင် လှည့်လည်ကာ အသံချဲ့စက်ငယ်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသည့် စည်းကမ်းများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များမှ ထုတ်ပြန်ချက်များကို တိကျစွာလိုက်နာရေး၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း များစနစ်တကျတပ်ဆင်ရေး၊ မကြာခဏ လက်ဆေးခြင်းများပြုလုပ်ရေးတို့ကို အသိပညာပေးခဲ့ကြ သည်။

ထို့အပြင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မဖြစ်မနေထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)