လှိုင်းဘွဲ စက်တင်ဘာလ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် သံဃာတော်များ၊ အသက်(၆၅)နှစ် အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေသူများအား ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ရွှေဂွန်းတိုက်နယ်ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရွှေဂွန်းတိုက်နယ်ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံ နေကြသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် သတ်မှတ်ချက်နှင့်အညီ ထိုးနှံဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လမ်းညွန်ချက်နှင့်အညီ ထိုးနှံနိုင်ရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)