သံဖြူဇရပ် စက်တင်ဘာ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက် ၅၅ နှစ် မှ ၆၄ နှစ်ထိ ပြည်သူ့များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အနင်းတိုက်နယ် ဆေးရုံတွင် ဒုတိယနေ့အဖြစ် ယနေ့နံနက် ၉ နာရီက စတင်ထိုးနှံ ပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ သံဖြူဇရပ်မြို့နယ် အနေဖြင့် အ.ထ.က(၁)၊ ကျိုက္ခမီ(ကဇာတ်ရုံ)၊ ကျုံကဒါတ်အ.ထ.က၊ အနင်းတိုက်နယ်ဆေးရုံ၊ ထင်းရှူးတိုက်နယ် ဆေးရုံ၊ ကရုပ္ပိတိုက်နယ်ဆေးရုံနှင့် ဝဲခမိတိုက်နယ် ဆေးရုံစသည့် စုရပ် ၇ နေရာတို့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှသာ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)