ပင်လောင်း စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက်ရှိ မြသိန်းတန်ပရိယတ္တိ စာသင်တိုက်မှသံဃာတော်များအား ယနေ့နံနက်ပိုင်း တွင်ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိသွားရောက်စစ်ဆေးပေးခဲ့သည်။
မြသိန်းတန်ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော် (၈)ပါး၊ ရှင်သာမဏေ (၄၉)ပါး၊ စုစုပေါင်း (၅၇) ပါး၊ ဘုန်းကြီး ကျောင်းဝေယျာ၀စ္စဆောင်ရွက်သူလူပုဂ္ဂိုလ်(၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ/မရှိ RDT Test kit ဖြင့် စစ်ဆေးခဲ့သည်။ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို ပင်လောင်းမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပင်လောင်းပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ရင်းမှီးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၀င်တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းကို သွားရောက်ဆောင်ရွက်ခဲ့သည်။
သံဃာတော်နှင့်သာမဏေများကို ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးရာ ကျန်းမာရေးကောင်းမွန်ပြီး ရောဂါပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိသည်။ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးနိုင်ရန်အတွက် Test kit များကိုပင်လောင်းမြို့နယ်ကျန်းမာရေးဌာန၏အစီအစဉ်ဖြင့်အခမဲ့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီးကျန်ရှိနေသေးသောစာသင်တိုက်များကိုလည်းဆက်လက် စစ်ဆေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထွန်းလင်း(ပင်လောင်း)