တုံတာ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးသီဟဇော်နှင့် ဝန်ထမ်းများက တုံတာမြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ခြင်းဖြင့် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များလက်မခံကြရန်နှင့် မိမိတို့ကလည်း အခြား သူများထံ သွားရောက်ခြင်းမပြုကြရန်၊လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါရန်၊ ရောဂါပိုးရှိ သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါ ရန်နှင့် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာ ကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ လျော့နည်းပပျောက်လာစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။
လှိုင်လှိုင်ငြိမ်း