ဧဒင်လမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

မိုင်းယန်း          စက်တင်ဘာ    ၁၆

မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် ရပ်ကွက်နေပြည်သူများ၊ ဈေးရောင်း/ ဈေးဝယ် ပြည်သူများ သွားလာ ရေး အဆင်ပြေစေရေးတို့အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပါမိုင်ရပ်ကွက် အတွင်းရှိ ဧဒင်လမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများ က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ သည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးစိုင်းပင်းမိန်းဆိုင်၊ မြို့နယ်လမ်းဦးစီးဌာန၊ အငယ်တန်း အင်ဂျင်နီယာ() ဦးထွန်းအောင်ကျော်နှင့် တာဝန်ရှိသူများက မိုင်းယန်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ (၅၄.၅၁)သန်း ဖြင့် အရှည် ၁၅၀၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု လက်မရှိ ဧဒင်လမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး